International News

ရုရှားရေနံစျေးနှုန်းသတ်မှတ်ချက်အပေါ် တုံ့ပြန်သည့်အမိန့်အား သက်တမ်းတိုးမြှင့်

Last Updated:

ရုရှားသမ္မတဗလာဒီမာပူတင်သည် ရုရှားရေနံနှင့်ရေနံထွက်ကုန်များအတွက် အမြင့်ဆုံးစျေးနှုန်းသတ်မှတ်ချက်အပေါ် ပြန်လည်တုံ့ပြန်ရေးဆိုင်ရာ စည်းမျဉ်းအမိန့်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ သက်တမ်းတိုးခဲ့သည်။ အဆိုပါအမိန့်ကို တရားဝင်သတင်းအချက်အလက်များ ထုတ်ပြန်ကြေညာသည့် အင်တာနက် Website ပေါ်တွင် သတင်းထုတ်ပြန်ထားသည်။

ဗလာဒီမာပူတင်သည် ဈေးနှုန်းသတ်မှတ်ချက်ဖြင့် စာချုပ်များချုပ်ဆိုပါက ရုရှားနိုင်ငံမှ နိုင်ငံခြားသို့ ရေနံရောင်းချမှုတားမြစ်ရေးအမိန့်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါအမိန့်သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့အထိ အကျုံးဝင်ခဲ့သည်။ ခြွင်းချက်အနေဖြင့် သမ္မတ၏ အထူးဆုံးဖြတ်ချက်များသည် အကျုံးမဝင်ကြောင်း ဖော်ပြထားပါသည်။

EU နိုင်ငံများ၊ G7 နိုင်ငံများ၊ သြစတြေးလျ၊ နော်ဝေးနှင့် အခြားနိုင်ငံများသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်တွင် ရုရှားမှတင်သွင်းသော ရေနံများကို ရေနံတစ်စည်လျှင် ဒေါ်လာ ၆၀ ဖြင့် ဈေးနှုန်းသတ်မှတ်ချက် ချမှတ်ခဲ့ပါသည်။

Source :       https://www.kommersant.ru/doc/6068591

                    http://publication.pravo.gov.ru/document/0001202306260007

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News